ဘာတွေ install လုပ်ရမလဲ?
ဘာမှ မလိုပါ။ ဆိုင်အတွက် ကိုယ်ပိုင် လိပ်စာ (ဥပမာ ဆိုင်နာမည်.bigsale7.com) ရပြီး ဖုန်း (သို့) ကွန်ပျူတာ browser နဲ့ ဝင်ရုံပါ။ အင်တာနက် လိုပါတယ်။
ကွန်ပျူတာ မကျွမ်းကျင်ရင် သုံးနိုင်မလား?
စာအုပ်ပုံစံအတိုင်း ရိုက်ထည့်ရုံပါ — မြန်မာလို အပြည့်ပါ။ စနစ်ထဲမှာ ပုံနဲ့ရှင်းထားတဲ့ အသုံးပြုနည်း လမ်းညွှန် ပါပါတယ်၊ စာမျက်နှာတိုင်းက ? ခလုတ်နှိပ်ရင် အဲ့အပိုင်း တန်းပွင့်ပါတယ်။
ကြိတ်ခ နှုန်းက ဆိုင်တိုင်း မတူဘူး — ပြင်လို့ရလား?
ရပါတယ်။ အခြောက်ခံ / ကြိတ် / သန့်စင် အဆင့်တစ်ခုချင်း မူလနှုန်း သတ်မှတ်ပြီး၊ တောင်သူ တစ်ယောက်ချင်း လျှော့/ပို ပေးချင်ရင် အဲ့တစ်ခါအတွက် ပြင်လို့ရပါတယ်။ ဝင်ကုန်ပေါ် (တင်း) / ထွက်ကုန်ပေါ် (အိတ်) / တစ်ကြိမ် ပုံသေ — တွက်နည်း ရွေးလို့ရပါတယ်။
ကျွန်တော့် ဘောက်ချာ ပုံစံ အတိုင်း Print ထုတ်လို့ရလား?
ရပါတယ်။ ဆိုင်နာမည်၊ logo၊ လိပ်စာ၊ ဖုန်း၊ ဆိုင်ခွဲ၊ ငွေလွှဲအကောင့် ထည့်ပြီး အရောင်ပါ / ရိုးရိုး ပုံစံ ရွေးလို့ရပါတယ်။ စာအုပ်ဟောင်း အမှတ်စဉ် (ဥပမာ 08045) ကနေ ဆက်ထွက်အောင်လည်း သတ်မှတ်လို့ရပါတယ်။
လက်ရှိ ကြွေး၊ လက်ကျန် တွေ ထည့်လို့ရလား?
ရပါတယ်။ စတင်သုံးတဲ့နေ့ စက်ပိုင် စပါး/ဆန် လက်ကျန်ကို “လက်ကျန်အဟောင်း” မှာ၊ Cash / KPay / ဘဏ် လက်ကျန်ကို “လက်ကျန်စ” မှာ တစ်ခါ ထည့်ရုံပါ။ အဲ့နေ့ကစပြီး နေ့တိုင်း အလိုလို ဆက်တွက်ပါတယ်။
ဝန်ထမ်းတွေ သုံးရင် ငွေစာရင်း မြင်မှာ စိုးတယ်
ပိုင်ရှင် / ဝန်ထမ်း ခွင့်ပြုချက် ခွဲထားပါတယ်။ နေ့စဉ် ငွေစာရင်း၊ အမြတ်၊ ကုန်အမျိုး/ဈေး ပြင်တာ စတာတွေ ပိုင်ရှင်သာ လုပ်ရပါတယ်။ ဘယ်သူ ဘာ ထည့်/ပြင်/ဖျက် လဲ မှတ်တမ်း ကျန်ပါတယ်။
ဒေတာ လုံခြုံလား? တခြားဆိုင်တွေ မြင်နိုင်လား?
ဆိုင်တစ်ဆိုင်ချင်း database သပ်သပ်စီ ဖြစ်လို့ တခြားဆိုင် မမြင်နိုင်ပါ။ ကိုယ့်ဆိုင် လိပ်စာ၊ ကိုယ့် အကောင့်နဲ့သာ ဝင်ရပါတယ်။
ပွဲရုံ / ဆန်ဆိုင်ပါ လုပ်တယ် — သုံးလို့ရလား?
ရပါတယ်။ အကောင့် တစ်ခုတည်းမှာ ဆန်စက်၊ ပွဲရုံ၊ ဆန်ဆိုင် လုပ်ငန်းတွေ ရွေးထားပြီး ခလုတ်နဲ့ ပြောင်းသုံးလို့ရပါတယ်။
Excel နဲ့ ထုတ်လို့ရလား?
Report တွေကို Print နဲ့ Excel ထုတ်လို့ရပါတယ်။
ဈေးနှုန်း ဘယ်လောက်လဲ?
ဖုန်း / Viber နဲ့ မေးမြန်းပါ — ဆိုင်ရဲ့ လိုအပ်ချက်အလိုက် ရှင်းပြပေးပါမယ်။